Saturday, 13 October 2012

…………..မျိုးချစ်ဇာနည်…………………….




နတ်သုဒါတမျှ ချိုဆိမ့်လှသည့်
ဗနရသရက် နွယ်ခါးယှက်၍
အသက်ဆုံးရှုံး မျိုးတုံးခဲရ
ရှေ့သာဓက ရှိခဲ့ကြ၏။
တို့အမျိုးဘာသာ သာသနာသည်
ကမ္ဘာအလယ် ဂုဏ်ယူဘွယ်တိ
ချီးမွန်းသည့်အသံ မိုးထိညံမျှ
သင့်ပျံ့လှ၏။
တို့အမျိုးဘာသာ ဓွန့်ရှည်ကြာရေး
နောင်နာရင်သွေး သင်ဘာတွေမွေးမလဲ
ဒေါ်လာမယား ဖေါ်ပြုထားပြီး
တိုက်ကားကြီးပေါ် မြူးရွှင်ပျော်ကာ
အနှစ်မပါ အချစ်ညာတဲ့
နွယ်ခါးယဇ်ခွေ မျိုးဖျက်တွေကို
သမီး……….ဘယ်လိုစဉ်းစားမှာလဲ။
တော်လှဲသံကြီး မြည်းဟီးပြီးလျှင်
မြေကြီးကွဲအက် ငလျှင်စနက်ကြောင်း
အသက်ဆုံးရှုံး
ရာထောင်မက ရှိခဲ့ကြလည်း
အမျိုးမပြုတ် အငုတ်အရင်း
မျိုးဆက်ဆင်းကာ အမျိုးဘာသာ
သာသနာကြီး ဆက်လက်ပြီးလျှင်
ရှင်သန်ဝံ့ကြား မျိုးဆက်များမှ
ထိန်းထားနိုင်၏။
သို့ပေသော်လည်း
မြေမျိုသော် အမျိုးမပြုတ်
လူမျိုသော အငုတ်မကျန်
အမျိုးပြုတ်ရန် အရေးမို့
ကလေးတို့ရယ်………….
ဝယ်ချင်တဲ့ ဆန္ဒ
လှချင်တဲ့ မာနနဲ့
အချောင်ရတယ်ဆိုပြီး
ဘ၀ကြီးတခုလုံးပေးအပ်
မိုက်ဇာတ်တော့မခင်းလိုက်ပါနဲ့။
ထမင်းငတ်ပြီးသေတဲ့ မသာ
ဒို့မြန်မာပြည်မှာ မရှိပါဘူး
အလှယစ်မူး ချစ်ရည်စူးပြီး
ရာဂကြူးတဲ့ ဘီလူးလက်အောက်
အမျိုးပျောက်ရန် ဘယ်သောအခါမှ မကြံနဲ့။
ငွေကြေးဥစ္စာ ဆင်းရဲပါလည်း
မမွေးစိတ်ဓါတ် အကျင့်မြတ်ကြောင်း
ကမ္ဘာအပေါင်းမှ ချီးကြူးရအောင်
လူမျိုးချင်းယှက် အမျိုးဂုဏ်ဆောင်ရန်
မျိုးဆင်းသက်မှ
ဆက်လက်ခိုင်မာ ဒို့သာသနာကြီး
ဘုန်းနေလမီး ထိန်ထိန်ငြီးစွာ
အဓွန့်ရှည်ကြာ တည်တဲ့မှာမို့
သမီးတို့ရေ…………….
နောင်လာရင်သွေး
မျိုးဆက်သစ်(မြန်မာ)လေးများ
မွေးဖွါးနိုင်ကြပါစေ………………….။


အမည်မသိ စာရေးဆရာတဦးကဗျာကို ကြိုက်နှစ်သက်လို့ တင်ပြလိုက်ပါသည်။
                                                                             အရှင်ဝိသုဒ္ဓ (မာန်အောင်)
                                                                                နာလန္ဒာတက္ကသိုလ်
                                                                                      အိန္ဒိယ

Friday, 5 October 2012

ဗုဒ္ဓဘာသာတို့အတွက် ကဆုံလပြည့်ဗုဒ္ဓနေ့



၁။ မဟာသက္ကရာဇ် တွက်စစ်သောခါ
ကိုးဆယ့်ခုနှစ်ခု ရတုချိန်ခါ
သားနဲ့သမီး စွန့်ပြီးလို့သာ
လောင်းတော်မြတ် တောရပ်ထွက်ခဲ့ရှာ။

၂။ နော်မာကမ်းစပ် လောင်းမြတ်ရောက်လာ
သဟမ္ပတိ မည်ရှိဗြဟ္မာ
ရွှေကြာသင်္ကန်း လှူဒါန်းခဲ့ရာ
ရဟန်းမြတ် ပြုလတ်ဤနေရာ။

၃။ ဥရုဝေလ တောဝမြိုင်ခွင်
ဒုက္ကရစရိ ကျင့်ဘိအစဉ်
ခြောက်နှစ်ပတ်လုံး ကုန်ဆုံးချိန်တွင်
လောင်းသိဒ္ဓတ် ဇိနမည်ခေါ်တွင်။

၎။မဟာသက္ကရာဇ် တွက်စစ်လေလျှင်
တစ်ရာသုံးခု ခေါ်ပြုမည်တွင်
ကဆုန်လပြည့် ဤနေ့မှာပင်
လောင်းတော်ကား ဘုရားဖြစ်ဖို့ပင်။

၅။ ကဆုန်လပြည့် ချမ်းမြေ့သာယာ
ဝေလီဝေလင်း နံနက်ခင်းမှာ
အနော်မာကမ်း အလှမ်းနီစွာ
ဃနာဆွမ်း လှူဒါန်းသုဇာတာ။

၆။ ဃနာနို့ဆွမ်း လှူဒါန်းသောခါ
သုဇာတာက အားရ၀မ်းသာ
သိန်းတန်ရွှေခွက် ထည့်လျှက်စုံစွာ
စိတ်ရွင်လန်း လှူဒါန်းခဲ့လေရှာ။

၇။ ဃနာဆွမ်းမြတ် ဆက်ကပ်ပြီးခါ
အနော်မာကမ်း ကြွလှမ်း၍လာ
ဃနာရွှေခွက် ကျောက်ထက်တင်ကာ
ရေသုံးသပ် လောင်းမြတ်တို့ဆရာ။

၈။ ရေတော်သုံးသတ် လောင်းမြတ်သခင်
ရေသုံးသတ်ပြီး ကမ်းနီးရိပ်တွင်
လေးဆယ့်ကိုးလုပ် မယုတ်ကုန်စင်
ဆွမ်းတော်သုံး မြတ်ဘုန်းတို့အရှင်။

၉။ နော်မှာကမ်းမှ မြန်းကြွလို့ဝင်
ရွှေခွင့်ကိုမျှော ရေကြောထဲတွင်
ရေညာဆန်တက် ဓိဌာန်ချက်ဝင်
ငါသည်ကား ဘုရားဖြစ်ဖို့ပင်။

၁၀။ တောရဂုံနန်း မြိုင်တန်းမှာလေ
စိန်ပန်းပီတောက် လျှမ်းတောက်ဝေေ၀
စံပယ်ကြက်ရုံး ဂမုန်းမိုးစွေ
မွှေးရနံ့ သင့်ပျံ့ကြိုင်လို့နေ။

၁၁။ လောင်တော်သိဒ္ဓတ် မြိုင်ရပ်ကိုဝင်
ဗောဓိအောင်နန်း မျှော်မှန်းလျှက်ပင်
မြောက်ဘက်စူးစူး မြိုင်ဦးလမ်းတွင်
ခြေစုံလှမ်း ကြွမြန်းတို့အရှင်။

၁၂။ မြိုင်ဦးကျော်စ လမ်းမမှာပင်
မြတ်ထမ်းသမား တွေ့ငြားမောင်စဉ်
မြက်ရှစ်ဆုတ်ပြည့် ထုတ်၍သာပင်       
လောင်းဘုရား လှူငြားကြည်ကြည်ရွှင်။

၁၃။ ဗောဓိနန်းရိပ် ချဉ်းကပ်၍သာ
မြက်တော်ရှစ်ဆုပ် ဖြန့်ထုပ်ကြဲကာ
လျှမ်းလျှမ်းရွင်တောက် အံ့လောက်စရာ
ပလ္လင်စစ် ပေါ်ထွက်လာခဲ့ပါ။

၁၄။ ပလ္လင်ပေါ်ပေါက် အံ့လောက်စရာ
မာန်နတ်ယုတ်တို့ တိုက်ဖို့ရောက်လာ
စစ်သည်အပေါင်း သောင်းသောင်းဝေဖြာ
လောင်သိဒ္ဓတ် တိုက်ခိုက်ကြလေပါ။

၁၅။ ရှေ့ရှေ့ဘ၀ ဒါန သီလာ
ပြုခဲ့သမျှ မှန်းဆ၍သာ
ပါရမီထူး ဆည်းဖူးခဲ့ရာ
ဝသုန်ရပ် တုန်လတ်သွက်သွက်ခါ။

၁၆။ မိုးရေလေတော မြိုင်ကြောတစ်ခွင်
သောသောညံတုန်း ထက်ချုန်လို့ပင်
ရေပြင်တွေလွှမ်း စခန်းမြေပြင်
မာန်အောင်ပွဲ ဆင်နွဲတို့အရှင်။

၁၇။ မာန်နတ်အောင်ပွဲ ဆင်နွဲလေပြီ
နတ်ဗြဟ္မာနော သောသောဝေစီ
စက္က၀ါပေါင်း ရိုက်ညောင်းတုန်ဟီ
ဂုဏ်ပြုပွဲ ဆင်နွဲပူဇော်သည်။

၁၈။ ကဆုန်လပြည့် ဤနေ့မှာပင်
သုမေဓာဘ၀ ဖြစ်ရဟိုစဉ်
ဒီပင်္ကရာဘုရား ထံပါးတော်တွင်
ဗျာဒိတ်ပန်း ဆင်မြန်းတို့အရှင်။

၁၉။ ကဆုန်လပြည့် ဤနေ့မှာပင်
လုမိနီသာမော အင်ကြင်းတောတွင်
လောကကောင်းကျိုး ပွားတိုးဘို့မြင်
လောင်သိဒတ် ဖွားလတ်တို့အရှင်။

၂၀။ ကဆုန်လပြည့် ဤနေ့မှာနှော်
တဏှာတော်ကြီး ဖျက်စီးခဲ့နှော်
ဥာဏ်ရောင်တော်ဝင် ထင်လင်းထိန်းပေါ်
သစ္စာပန်း ဆင်မြန်း တို့ဘုန်းမော်။

၂၁။ ကဆုန်လပြည့် ဤနေ့မှာပင်
လောကအားလုံး မှောင်ဖုံးသည်တွင်
ရှင်တော်မြတ်ဘုန်း နောက်ဆုံးမှာပင်
နိဗာန်နန်း စံမြန်းတို့အရှင်။

၂၂။ ကဆုန်လပြည့် ဤနေ့မှာပင်
မာန်နတ်အောင်ပွဲ ဆင်နွဲးပြီးလျှင်
ပလ္လင်တော်မြတ် ဗောဓိရပ်ခွင်
အောင်ပွဲနှင်း ခင်းကျင်းတို့အရှင်။

၂၃။ ကဆုန်လပြည့် ဤနေ့ကိုနှော်
ဗုဒနေ့မြတ် သတ်မှတ်ပူဇော်
အများကောင်းမှုး တောင်းဆုကော်ရော်
ဘေးရန်ပေါင်း အောင်ကြောင်းပြည့်စေနော်။

၂၄။ အောင်ပွဲအောင်မှု အောင်ဆုအောင်ရာ
အောင်ပြီးအောင်ဆဲ အောင်မြဲမင်္ဂလာ
အောင်မြင်နည်းလမ်း အောင်နန်းခေမာ
အောင်ရေလောင်း အောင်ကြောင်းတို့မြတ်စွာ။

၂၅။ အောင်ပွဲတွေပေါင်း အောင်ကြောင်းဝေေ၀
အောင်တော်မူမြဲ အောင်ပွဲစိန္တေ
အောင်ရာအောင်ခန်း အောင်ပန်းထွေထွေ
အောင်မြင်လတ် အောင်မှတ်ကျေးဇူးတွေ။ 

                                              မြန်မာနှင့်ဆိုင်သော ၀က်ဆိုက် နက်ဆိုက် ဘလော့တွေကို လက်လှမ်းမှီသလောက် ကျွုန်ပ်ကြည့်ဖြစ်ပါသည်။ ချစ်သူများနေ့၊ ခရစ်စမတ်နေ့တွေ့မှာ ကဗျာဖိတ်ခေါ်ပြိုင်ပွဲ၊ စာမူဖိတ်ခေါ်ပြိုင်တွေအတွက် စာမူခေါ်နေကြသည်။ ဒါတွေကလည်း စာမရေးဝံသူများကို လာရေးဝံလာအောင် ကလောင်းသွေးပေးခြင်းတမျိုးဖြစ်သောကြောင်း ၀မ်းသာကြည်နုစရာပါ။

    ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော နေ့ထူးနေ့မြတ် မြန်မာတွေနှင့်သက်ဆိုင်သော နေ့ထူးနေ့မြတ်တွေမှာတော့ မည်သည့်ဆိုက်တွေကမှ စာမူဖိတ်ခေါ်ခြင်း ကဗျားပိတ်ခေါ်ခြင်းမရှိပေ။ ကဆုန်လပြည့်နေ့သည် ထေရ၀ါဒ မဟာယန စသော ဗုဒ္ဓဘာသာတို့အတွက် အမြင့်မြတ်ဆုံးနေ့ထူး နေ့မြတ်မှာ စာဖတ်သူများအနေဖြင့် အထက်ဖေါ်ပြပါ ကဗျာစာသားလေးကို ဘုရားကိုသွားဖြစ်ရင် စာသားကိုကြည့်ရှူးပြီဖတ်ပေးပါ။ ဘုရားကိုမသွားဖြစ်သည်ရှိသော် မိမိအိမ်တွင် ကိုယ်းကွယ်ထားသည် ဘုရားရှင်ရှေ့မှာ ရွတ်ဖတ်ပူဇော်ပေးစေချင်သည်။

                                              မှတ်ချက်....။ ဒီကဗျာစာသားကို ကျွန်ုပ်ကိုယ်တိုင်း ရေးသားသည် မဟုတ်ပါ မည်သူမည်ဝါရေးသားခဲ့သည်ကိုလည်း ကျွန်ုပ်မသိပါ ကျွန်ုပ်ငယ်ငယ်တုံးက ရွာဦးကျောင်းဆရာတော် သင်ပေးခဲ့ပြီး ကဆုန်လပြည့် ဗောဓိပင်ရှေ့မှာ ရွတ်ဖတ်ခဲ့ရသည်ကိုသာ ကျွန်ုပ်သိပါသည်။

                                                                 အရှင်ဝိသုဒ္ဒ (မာန်အောင်)
                                                                    နာလန္ဒာတက္ကသိုလ်
                                                                            အိန္ဒိယ

Saturday, 21 July 2012

=====အနာဂါတ်ကိုမျော်ကြည့်ခြင်း====


သီအိုရီတွေခန်းသွားလည်း
အိုင်ဒီယာတွေမြေမခပါဘူး
စေဒနာတွေနဲ့ထပ်တူ
အသစ်ဆန်းကိုလှမ်းခေါ်လို့
လကမ္ဘာကိုတောင်
အရောက်လှမ်းခဲ့ကြတယ်
အာကာသဆိုတာ
မြေလွှာတစ်ခုပါလို့
ကြွေးကြော်နေသူတွေက
ဟစ်အော်နေခဲ့ကြပြိ
ဝေးကွာခြင်းဆိုတာ
ခုခေတ်မှာ အတိမ်နက်မရှိတော့ပါဘူး
ကောင်းကင်လမ်းမပိတ်သရွေ့လေ
စွမ်းဆောင်တဲ့ပြရုပ်အတွက်
မနက်ဖန်ဆိုတာ
ပျော်ရွှင်စရာတွေနဲ့
ရောပြွန်းနေမှာပါ
မြင်သာတဲ့ရာဇဝင်မှာ
တွေးတောနေစရာမလိုဘူး
ဓူဝံကြယ်ကိုခူးယူမဲ့
သူရဲကောင်းဆိုတာ
အများသိတဲ့
ကိုးရီးယားသူရဲကောင်း
ဂျူမုံလိုပုံစံမျိုး
ကမ္ဘာမြေမှာ ပေါ်လာဦးမှာပါ။  ။

ကျွှန်းသား (ဖီလော်ဆိုဖီ)
ညီမျခြင်းတွေနဲ့ထပ်တူ တူညီတဲံ့စိတ်ထားကို ဖြစ်ပေါ်စေဖို့
ကဗျာလေးကသက်သေပြုပါလိမ့်မည်။     ထေရ