နတ်သုဒ္ဓါတမျှ ချိုဆိမ့်လှသည့်
ဗန္ဓရသရက် နွယ်ခါးယှက်၍
အသက်ဆုံးရှုံး
မျိုးတုံးခဲရ
ရှေ့သာဓက
ရှိခဲ့ကြ၏။
တို့အမျိုးဘာသာ
သာသနာသည်
ကမ္ဘာအလယ်
ဂုဏ်ယူဘွယ်တိ
ချီးမွန်းသည့်အသံ
မိုးထိညံမျှ
သင့်ပျံ့လှ၏။
တို့အမျိုးဘာသာ
ဓွန့်ရှည်ကြာရေး
နောင်နာရင်သွေး
သင်ဘာတွေမွေးမလဲ
ဒေါ်လာမယား
ဖေါ်ပြုထားပြီး
တိုက်ကားကြီးပေါ်
မြူးရွှင်ပျော်ကာ
အနှစ်မပါ
အချစ်ညာတဲ့
နွယ်ခါးယဇ်ခွေ
မျိုးဖျက်တွေကို
သမီး……….ဘယ်လိုစဉ်းစားမှာလဲ။
တော်လှဲသံကြီး
မြည်းဟီးပြီးလျှင်
မြေကြီးကွဲအက်
ငလျှင်စနက်ကြောင်း
အသက်ဆုံးရှုံး
ရာထောင်မက
ရှိခဲ့ကြလည်း
အမျိုးမပြုတ်
အငုတ်အရင်း
မျိုးဆက်ဆင်းကာ
အမျိုးဘာသာ
သာသနာကြီး
ဆက်လက်ပြီးလျှင်
ရှင်သန်ဝံ့ကြား
မျိုးဆက်များမှ
ထိန်းထားနိုင်၏။
သို့ပေသော်လည်း
မြေမျိုသော်
အမျိုးမပြုတ်
လူမျိုသော
အငုတ်မကျန်
အမျိုးပြုတ်ရန်
အရေးမို့
ကလေးတို့ရယ်………….
ဝယ်ချင်တဲ့
ဆန္ဒ
လှချင်တဲ့
မာနနဲ့
အချောင်ရတယ်ဆိုပြီး
ဘ၀ကြီးတခုလုံးပေးအပ်
မိုက်ဇာတ်တော့မခင်းလိုက်ပါနဲ့။
ထမင်းငတ်ပြီးသေတဲ့
မသာ
ဒို့မြန်မာပြည်မှာ
မရှိပါဘူး
အလှယစ်မူး
ချစ်ရည်စူးပြီး
ရာဂကြူးတဲ့
ဘီလူးလက်အောက်
အမျိုးပျောက်ရန်
ဘယ်သောအခါမှ မကြံနဲ့။
ငွေကြေးဥစ္စာ
ဆင်းရဲပါလည်း
မမွေးစိတ်ဓါတ်
အကျင့်မြတ်ကြောင်း
ကမ္ဘာအပေါင်းမှ
ချီးကြူးရအောင်
လူမျိုးချင်းယှက်
အမျိုးဂုဏ်ဆောင်ရန်
မျိုးဆင်းသက်မှ
ဆက်လက်ခိုင်မာ
ဒို့သာသနာကြီး
ဘုန်းနေလမီး
ထိန်ထိန်ငြီးစွာ
အဓွန့်ရှည်ကြာ
တည်တဲ့မှာမို့
သမီးတို့ရေ…………….
နောင်လာရင်သွေး
မျိုးဆက်သစ်(မြန်မာ)လေးများ
မွေးဖွါးနိုင်ကြပါစေ………………….။
အမည်မသိ စာရေးဆရာတဦးကဗျာကို
ကြိုက်နှစ်သက်လို့ တင်ပြလိုက်ပါသည်။
အရှင်ဝိသုဒ္ဓ
(မာန်အောင်)
နာလန္ဒာတက္ကသိုလ်
အိန္ဒိယ
No comments:
Post a Comment